အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဓုရမြို့ နှင့် ဝေရဉ္ဇာပြည် အကြားဝယ် ခရီးရှည် ကြွသွားခိုက် လမ်းခရီးတွင် တွေ့ရသော ခရီးသည် သကြွယ်ဇနီးမောင်နှံအား အိမ်ထောင်ရေးနှင့် ပတ်သက်၍ အတူနေ အိမ်ထောင်သည် အမျိုးအစား လေးမျိုး ရှိကြောင်း ဟောကြားတော်မူခဲ့သည်
( ပထမသံဝါသသုတ်၊ ဒုတိယသံဝါသသုတ် ဒေသနာတော်)
- လင်မယား နှစ်ဦးစလုံး ယုတ်မာသော စိတ်သဘော အမူအကျင့် တူညီစွာ ရှိနေကြလျှင် သူသေချင်း အတူတူ နေခြင်း ဟူ၍ လည်းကောင်း။
- လင်က စိတ်သဘောထား ဆိုးသွမ်း ယုတ်မာ၍ မယားက စင်ကြယ်မွန်မြတ် သော သူတော်ကောင်းစိတ် ရှိနေလျှင် နတ်သမီး မယားသည် သူသေလင်နှင့် အတူ ပေါင်းသင်းနေခြင်း ဟူ၍ လည်းကောင်း။
- လင်သည် မြင့်မြတ်စင်ကြယ်သော စိတ်ထားအမူအကျင့် ရှိသည့် သူတော်ကောင်း ဖြစ်နေပြီး မယားက အကျင့် စာရိတ္တ သဘောထား၊ အမူအရာ ယုတ်မာနေလျှင် နတ်သားလင်သည် သူသေမယားနှင့် အတူ ပေါင်းသင်းနေခြင်း ဟူ၍လည်းကောင်း။
- လင်မယား နှစ်ဦးစလုံး သူတော်ကောင်း တွေဖြစ်နေလျှင် အကျိုးစီးပွား များပြားကုန်သည်။ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ နေထိုင်ရသည်။ ထိုသူတို့အား မနာလို ၀န်တိုသူများ အဖို့ စိတ်ဆင်းရဲခြင်း ဖြစ်စေသည် ဟူ၍ လည်းကောင်း ဟောကြားခဲ့သည်။
( ပထမသံဝါသသုတ်၊ ဒုတိယသံဝါသသုတ် ဒေသနာတော်)
3 comments:
နောက်ဆုံးတစ်မျိုးက အပေါ်ကသုံးမျိုးနဲ့ ကွဲပြားနေသလိုပဲနော်...။
မှတ်သားသွားပါတယ်
ကျေးဇူးလည်း တင်ပါတယ်
ဆက်လက်မျှဝေနိုင်ပါစေ
မှတ်သားစ၇ာတွေအတွက် မှတ်သားသါားပါတယ်
Post a Comment